မိုးထဲရေထဲ
ငါ့ကန္တာရလေး ခြောက်ကပ်နေပုံများ
တံလျှက်တွေတောင်
ကခုန်လို့
တစ်လျှောက်လုံး တိုက်ခဲသမျှ
အလံဖြူလေးတောင်
ပြခွင့်မရခဲ့
တကယ်ဆို
မဏ္ဍပ်တိုင် တက်ပြခဲ့တာမဟုတ်ပါဘူး
ကိုယ့်ဓားသွားကိုယ်
ရိုးရိုးလေး လှပ်ပြခဲ့တာပါ
ဒါကိုပဲ
နေမကွယ်သေးခင်
တောင်စွယ်ကိုသွားခဲ့ရ
ဒီဇာတ်လမ်းမှာ
အစွယ်လိုသူလည်း
မမှားဘူး
အသွားစေသူလည်း မှန်တယ်
လေးပစ်သူသာ လေးသင့်ရစ်
အနာတရနဲ့
သက္ကရာဇ်မှာ
တိုက်ခိုက်ခွင့်ကိုလဲ ရွေးမယ်
ရူးသွပ်ခွင့်ကိုလဲ
ယူမယ်
ကိုယ့်ပင်စည်ကဆူး
ကိုယ့်ကို ပြန်စူးနေမှတော့
ဟောဒီ
အဖူးအပွင့်အတွက်
ရဲရဲနီခွင့်ရှိတယ်......။
(ရင်ငြိမ်းမိုး)
ဟာ
ReplyDeleteမိုက်တယ်ရင်ငြိမ်းမိုးရေ
ခပ်ပျင်းပျင်းရိုက်ချက်ပဲ
လေးပါပါတယ်ကွာ........။
(ဘုန်းနေ)