အနော်မာ အလွမ်း
အနော်မာ တစ်ဘက်ကမ်းမှာတော့.....
ယသော်ဓယာ တစ်သက်လွမ်းကျန်ခဲ့မယ်။
ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့
ကဏ္ဍက ဖွားဖက်တော်ရယ်.....။
ချစ်တာသိပေမဲ့
သစ္စာရှိရာ ရှေ့လမ်းပေမို့
မေ့စတမ်းကွယ် ကြာရှည်ကြည့်
ပါရမီဖြည့်ကျန်ပါကွယ်
သံသရာနယ်က ရုန်းလို့အထွက်...။
ကြာချည်လှပ် လွမ်းတုန်းမှာမို့
ယာယီဇာတ် တစ်ခမ်းဆုံးပြီပေါ့။
ပန်းကုံးနှယ်သစ္စာဆင် ခရီးအသွားမှာမို့
စည်းခြားကျန် မျှော်မျှော်ကာနဲ့
ယသောဓရာ တစ်သက်လွမ်းစေမဲ့
အနော်မာတစ်ဘက်ကမ်းကို
ကဏ္ဍကရယ် ......
သွားတော့သွက်သွက်.....။
No comments:
Post a Comment