အို. အို. အေး ကနေ
ချိုးကွေ့လိုက်တာနဲ့
ဘ၀က
လေနီးကြမ်းထဲမှာ သုတ်ကနဲ့။
ဘ၀မှာ
ဒုက္ခရောင်တွေ သမ်းတော့မှ
အိပ်မက်တိုင်း မလှပမှန်း
သိလာခဲ့ရတယ်။
အမေ.........
ရောက်ရာအရပ်က
သားကို
အို. အို. အေး နဲ့
အမေ့တေးဆိုပြပါ
(အမေဆိုတာ ဘယ်တော့မှ မှောင်မသွားမဲ့ လပြည့်ညပါ)
No comments:
Post a Comment