ဘယ်သူလဲ.........?
ငါ့သားကို လူမိုက်ပြောတာ
အမေတွေတိုင်းမှာ
ဆိုမာလီ ဓားပြလည်း
လူမိုက်မဟုတ်ဘူး.....။
ဘယ်လောက် နာကျင်စရာကောင်းလဲ
အသက်အရွယ် ခါးကိုင်းနေတုန်း
ခြေစုံကန် ထွက်ခွါသွားကြ
ဒါပေမဲ့
သူမနာကျင်ဘူး......။
ဘာတွေ အဆင်မပြေတာလဲ
စိတ်တိုင်းကျပါ့မလား
ငါ့သား စိတ်ချမ်းသာဖို့ အဓိကပဲလေ
ကမ္ဘာဦးကတည်းက
အကောင်းမြင် ဗီဇတွေ မွေးဖွားကြ.....။
ကြင်နာသော အကြည့်တွေနဲ့
အားလုံးကို
မေတ္တာ လွှမ်းခြုံလို့
အမေ.........။
No comments:
Post a Comment