Saturday, May 26, 2012

ရင့်သီးခြင်းများ

ရင့်သီးခြင်းများ

ဘ၀တွေ ကွာခြားလိုက်ပုံများ
သူက မိုးကို ငုံ့ကြည့်နေချိန်မှာ
ကျွန်တော်က မြေကြီးကိုပဲ
မော့မော့ကြည့်နေရတုန်း...။
ဒါပေမဲ့
ဘာပဲဖြစ်ဖြစ်လေ
အားလုံးကို စွန့်လွတ်ရရင်တောင်
လွမ်းဆွတ်မှုကိုတော့
ငါ ပိုင်တယ်...။
လွမ်းလို့ မသေဘူးဆိုတာ 
သိပေမဲ့ 
သေလောက်အောင်ကို
လွမ်းပါတယ်...။
မုန်တိုင်းထန်ပြတာ မဟုတ်ပါဘူး
အထိအခိုက်ရှိတိုင်း 
ဘောင်ဘင်ခတ်မိတဲ့
မပြည့်အိုးလေးပါ...။

No comments:

Post a Comment