သူအို
သူနာ
သူသေ
ရဟန်း
နိမိတ်အဟုတ်ကြောင့်
ဟိတ်စုံတဲ့
ရိပ်ဘုံကို
စိတ်ကုန်လို့ စွန့်ခဲ့တယ်
မယား ယသောဓရာ
သား ရာဟုလာတို့
လင်ပျောက်၊ ဖခင်ပျောက်နဲ့
ယောက်ယက်ခတ်နေရှာလိမ့်မယ်.....။
ကိုင်း........
ဖွားဖက်တော် ဆန္ဒ.....
ကဏ္ဍအမြီးကိုဆွဲ
မင်းလည်း လိုက်ခဲ့တော့
အမိုက်ဇာတ်ခွါ
အမြိုက်ဓာတ်ရှာဖို့ သွားစို့
အနော်မာကမ်းကျမှ
စခန်းချနားမယ်
လာ..........။
No comments:
Post a Comment