`အမေ့ကို ကျေးဇူးတင်ပါတယ်…
အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´
ဗလာစာအုပ်ရဲ့ ပထမဆုံး
စာမျက်နှာပေါ်က စာလုံးဝိုင်းဝိုင်းလေးတွေဟာ
သူ့ရဲ့ ရပ်တည်နိုင်စွမ်းတွေကို အလဲထိုးပစ်လိုက်တယ်။
တုန်ရီပျက်ယွင်းသွားတဲ့ စိတ်တွေနဲ့
ဆို့တက်လာတဲ့ မျက်ရည်တွေကို ထိမ်းသိမ်းရင်း
`ညီမလေးရယ်´လို့သာ ကြေကြေကွဲကွဲ ရေရွတ်နေမိ။
တကယ်တော့
သူဟာ အိပ်မက်တစ်ခုအတွက်
အိမ်ဝေးလမ်းကို ရွေးချယ်ခဲ့တဲ့
အလေအလွင့်ပါ။ အားလုံးကို ကျောခိုင်းရင်း
ဘယ်ချိန်ပွင့်မှန်း မသိတဲ့ ပန်းကိုမှ
တိတ်တိတ်လေး စိုက်ပျိုးခဲ့သူပေါ့။
ကိုယ်ယုံကြည်ရာ အိပ်မက်တစ်ခုအတွက်
အစွမ်းကုန် လောင်ကျွမ်းခဲ့ပါတယ်။
ဒါပေမယ့်
အာင်မြင်မှုဟာ ဘယ်တုန်းကမှ
သူ့ဆိပ်ကမ်းကို ကပ်ရောက်မလာခဲ့ပါဘူး။
သူ့လိပ်စာနဲ့ အတိအကျရောက်ရှိလာတဲ့
ဒုက္ခတွေကိုသာ ဧည့်ခံရင်း
အရပ်ရှစ်မျက်နှာမှာ
လောကဓံတရားနဲ့
အကျွမ်းဝင်ခဲ့တယ်။
စွတ်စိုထိုင်းမှိုင်းလွန်းသော
အခန်းကျဉ်းလေးထဲ အိမ်လွမ်းတေးတွေ
ထပ်ကာထပ်ကာ ဆိုညည်းမိခဲ့။
ဘာပဲဖြစ်ဖြစ်
နာက်မဆုတ်ဘူး´ လို့ မာနတရားနဲ့
အားတင်းလိုက်တိုင်း အိမ်ဝေးညဟာ
ပိုမို ရှည်လျှားလာခဲ့။
မှာင်မိုက်လွန်းသော ညတစ်ညမှာ
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့
အမေ့ရဲ့ နောက်ဆုံးရက်တွေမှာ
သူရှိမနေနိုင်ခဲ့သလို ညီမလေးရဲ့
ဖြူစင်တဲ့ အပြုံးနုနုလေးတွေကို
ပြန်လည်တွေ့ရှိလိုက်ရပေါ့။
ညီမလေးဟာ သူ့ကို `ယုန်ဖြူ´
လို့ခေါ်တိုင်း နှုတ်ခမ်းရဲရဲလေးတွေနဲ့
ကျေကျေနပ်နပ် ပြုံးနေတက်သူပါ။
ညီမလေးဟာ နား.နားကို ကပ်ပြီး
တိုးတိုးလေး မုန့်ဖိုးတောင်းတက်သူပါ။
ညီမလေးဟာ ထမင်းစားတိုင်း
လူကို အကြောင်ရိုက်ပြီး ဟင်းလုစားတက်သူပါ။
ဒီညီမလေးရယ်လေ….
သူ့ရဲ့ အမေ့လျှော့ခံ နှစ်များမှာ
ရယ်သံတွေ ပိုပြီးချိုမြနေမလား…..။
ကျောင်းသွား၊ ကျောင်းပြန်လမ်းတွေမှာ
အစ်ကိုတစ်ယောက်ကို ရှာဖွေနေမလား…..။
သူငယ်ချင်းတွေကြား အစ်ကိုလို့ ခေါ်သံကြားတိုင်း
မျက်ရည်တွေ ရစ်ဝိုင်းနေမလား…။
မိသားစု ထမင်းဝိုင်းလေးမှာ
လစ်ဟာသွားတဲ့ နေရာတွေအတွက်
ဆွးဆွေးမြေ့မြေ့ ကြေကွဲနေမလား…..။
တကယ်တော့
သူဟာ ကလေးငယ်တစ်ယောက်အတွက်
အစ်ကို့လက်ကို ဆုပ်ကိုင်ငိုကြွေးခွင့်တောင်
မပေးခဲ့မိသူပါ။
သူ့ရဲ့ တစ်ကိုယ်ရေ အတ္တတွေက
အချိန်ကာလကို တိုက်စားသွားခဲ့ပြီ။ အခုတော့…..
ညီမလေးရ…
ညီမလေးအတွက်
ကျာပိုးအိပ်လေး ၀ယ်ပေးမယ်…။
ညီမလေးအတွက်
ကြယ်ကလေးတွေ ခေါက်ပေးမယ်။
ညီမလေးနဲ့ သီချင်းအတူ ဆိုကြမယ်…..
ကဗျာ အတူ ရွတ်ကြမယ်…။
ညီမလေးနဲ့…………။
အိပ်မက်က လန့်နိုးလာသူလို
ဂယောင်ဂတန်းနဲ့ အိမ်ပြန်လမ်းကိုဆီ..။
စွန်းထင်းခဲ့တဲ့ နောင်တတွေနဲ့
သူ အိမ်ပြန်ရောက်ချိန်မှာ
ညီမလေးရဲ့ လက်ရေးလေးတွေလေ…
`အမေ့ကို ကျေးဇူးတင်ပါတယ်…
အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´တဲ့။
(ရင်ငြိမ်းမိုး)
အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´
ဗလာစာအုပ်ရဲ့ ပထမဆုံး
စာမျက်နှာပေါ်က စာလုံးဝိုင်းဝိုင်းလေးတွေဟာ
သူ့ရဲ့ ရပ်တည်နိုင်စွမ်းတွေကို အလဲထိုးပစ်လိုက်တယ်။
တုန်ရီပျက်ယွင်းသွားတဲ့ စိတ်တွေနဲ့
ဆို့တက်လာတဲ့ မျက်ရည်တွေကို ထိမ်းသိမ်းရင်း
`ညီမလေးရယ်´လို့သာ ကြေကြေကွဲကွဲ ရေရွတ်နေမိ။
တကယ်တော့
သူဟာ အိပ်မက်တစ်ခုအတွက်
အိမ်ဝေးလမ်းကို ရွေးချယ်ခဲ့တဲ့
အလေအလွင့်ပါ။ အားလုံးကို ကျောခိုင်းရင်း
ဘယ်ချိန်ပွင့်မှန်း မသိတဲ့ ပန်းကိုမှ
တိတ်တိတ်လေး စိုက်ပျိုးခဲ့သူပေါ့။
ကိုယ်ယုံကြည်ရာ အိပ်မက်တစ်ခုအတွက်
အစွမ်းကုန် လောင်ကျွမ်းခဲ့ပါတယ်။
ဒါပေမယ့်
အာင်မြင်မှုဟာ ဘယ်တုန်းကမှ
သူ့ဆိပ်ကမ်းကို ကပ်ရောက်မလာခဲ့ပါဘူး။
သူ့လိပ်စာနဲ့ အတိအကျရောက်ရှိလာတဲ့
ဒုက္ခတွေကိုသာ ဧည့်ခံရင်း
အရပ်ရှစ်မျက်နှာမှာ
လောကဓံတရားနဲ့
အကျွမ်းဝင်ခဲ့တယ်။
စွတ်စိုထိုင်းမှိုင်းလွန်းသော
အခန်းကျဉ်းလေးထဲ အိမ်လွမ်းတေးတွေ
ထပ်ကာထပ်ကာ ဆိုညည်းမိခဲ့။
ဘာပဲဖြစ်ဖြစ်
နာက်မဆုတ်ဘူး´ လို့ မာနတရားနဲ့
အားတင်းလိုက်တိုင်း အိမ်ဝေးညဟာ
ပိုမို ရှည်လျှားလာခဲ့။
မှာင်မိုက်လွန်းသော ညတစ်ညမှာ
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့
အမေ့ရဲ့ နောက်ဆုံးရက်တွေမှာ
သူရှိမနေနိုင်ခဲ့သလို ညီမလေးရဲ့
ဖြူစင်တဲ့ အပြုံးနုနုလေးတွေကို
ပြန်လည်တွေ့ရှိလိုက်ရပေါ့။
ညီမလေးဟာ သူ့ကို `ယုန်ဖြူ´
လို့ခေါ်တိုင်း နှုတ်ခမ်းရဲရဲလေးတွေနဲ့
ကျေကျေနပ်နပ် ပြုံးနေတက်သူပါ။
ညီမလေးဟာ နား.နားကို ကပ်ပြီး
တိုးတိုးလေး မုန့်ဖိုးတောင်းတက်သူပါ။
ညီမလေးဟာ ထမင်းစားတိုင်း
လူကို အကြောင်ရိုက်ပြီး ဟင်းလုစားတက်သူပါ။
ဒီညီမလေးရယ်လေ….
သူ့ရဲ့ အမေ့လျှော့ခံ နှစ်များမှာ
ရယ်သံတွေ ပိုပြီးချိုမြနေမလား…..။
ကျောင်းသွား၊ ကျောင်းပြန်လမ်းတွေမှာ
အစ်ကိုတစ်ယောက်ကို ရှာဖွေနေမလား…..။
သူငယ်ချင်းတွေကြား အစ်ကိုလို့ ခေါ်သံကြားတိုင်း
မျက်ရည်တွေ ရစ်ဝိုင်းနေမလား…။
မိသားစု ထမင်းဝိုင်းလေးမှာ
လစ်ဟာသွားတဲ့ နေရာတွေအတွက်
ဆွးဆွေးမြေ့မြေ့ ကြေကွဲနေမလား…..။
တကယ်တော့
သူဟာ ကလေးငယ်တစ်ယောက်အတွက်
အစ်ကို့လက်ကို ဆုပ်ကိုင်ငိုကြွေးခွင့်တောင်
မပေးခဲ့မိသူပါ။
သူ့ရဲ့ တစ်ကိုယ်ရေ အတ္တတွေက
အချိန်ကာလကို တိုက်စားသွားခဲ့ပြီ။ အခုတော့…..
ညီမလေးရ…
ညီမလေးအတွက်
ကျာပိုးအိပ်လေး ၀ယ်ပေးမယ်…။
ညီမလေးအတွက်
ကြယ်ကလေးတွေ ခေါက်ပေးမယ်။
ညီမလေးနဲ့ သီချင်းအတူ ဆိုကြမယ်…..
ကဗျာ အတူ ရွတ်ကြမယ်…။
ညီမလေးနဲ့…………။
အိပ်မက်က လန့်နိုးလာသူလို
ဂယောင်ဂတန်းနဲ့ အိမ်ပြန်လမ်းကိုဆီ..။
စွန်းထင်းခဲ့တဲ့ နောင်တတွေနဲ့
သူ အိမ်ပြန်ရောက်ချိန်မှာ
ညီမလေးရဲ့ လက်ရေးလေးတွေလေ…
`အမေ့ကို ကျေးဇူးတင်ပါတယ်…
အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´တဲ့။
(ရင်ငြိမ်းမိုး)
No comments:
Post a Comment