Saturday, May 26, 2012

နောင်တကင်းတဲ့ ချစ်ခြင်း

အိပ်မက်ဦးရေ
အမှတ်တမဲ့ကြုံတဲ့
နင့်မျက်ဝန်းနက် တစ်စုံကြောင့်
ငါ့ရဲ့
ရင်ခုံသံတွေ ဗြောင်းဆန်ပြီး
အဲဒီတစ်နေ့လုံး ကမောက်ကမာ ဖြစ်လို့...။

တကယ်ဆို 
ငါဟာ မချစ်တတ်ခဲ့သူပါ...။
အလှငေးဖို့ဆိုပြီး
အချစ်နတ်ဘုရား ဖန်ဆင်းလိုက်တဲ့
နင်နဲ့ မတွေ့ခင် အချိန်ထိပေါ့...။

ဒီလိုနဲ့ တစ်ဆင့်တက်
ုငါရေးနေကျ ဒိုင်ယာရီ စာအုပ်ထက်
အသက်ဝင်ဆုံးကဗျာ တစ်ပုဒ်အဖြစ်
နင်ရောက်ရှိခဲ့ပြန်တယ်
ခုဆို
နင့်အပြုံးတွေက
ငါ့အိပ်မက်တွေမှာ
နေရာယူကြီးစိုးလို့
အထပ်ထပ် ငြိတွယ်
ဖျက်မရတဲ့ သံယောဇဉ်
နှောင်ကြိုးတွေနဲ့ပေါ့
ကံကြမ္မာရယ်
နောင်သံသရာမှာတော့
တစ်ဖက်သက်ဆိုတဲ့ အချစ်ဒဏ်ရာ
ဆိုးရွားစွာ မခံစားရပါစေနှင့်တော့
အခုတော့
နင်မသိတဲ့ အလွမ်းတွေနဲ့
နင်နဲ့ ပတ်သက်တဲ့အရာတိုင်းကို
မြတ်နိုးစွာ သိမ်းဆည်း
(ငါ့အတွက်) 
ကြိတ်ပြီးဆွေးနေရတာကိုက
စစ်မှန်တဲ့ ချစ်ခြင်းတရားတစ်ခု ဖြစ်နေတယ်
 

No comments:

Post a Comment