ပုခက်ထဲက အုဝဲဟစ်ကာ စစ်ကြေညာပြီး
လောကကြီး၏ ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွဲရင်း လူလည်း
တော်တော် ကြီးခဲ့ပြီ.....။
မိုက်လည်းမိုက်လို့
တိုက်လည်းတိုက်ခဲ့
ရှုံးလိုက်တာလည် အသင်္ချေ
ရဲလည်းရဲလို့
နွှဲးလည်း နွှဲးခဲ့
အောင်ပွဲတွေလည်း အနန္တ.....။
ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ
သာသာ နာနာ
ဘာမှမဖြုံ စိတ်လုံးခြုံလျှင်
အဟုတ်မတန့်ရပ်ပါဘူး
မတုန်မလန့်ဖျပ်ပါဘူး
ရှေ့က ဆီးကာ ခရီးလမ်းထဲ သစ်ပင်လှဲမလား
ရှေ့က ကန့်ကာ အဟန့်အတား ဆူးတွေ ထားမလား
ယောက်ျားဟေ့နော်
တိုက်ရင်းပျော်
ကျွန်တော် တိုက်ရင်း
တက်မှာပဲ.....။
(ဆရာ အီကြာကွေး) (ဓနုဖြူ-ကျော်ထွန်း)
No comments:
Post a Comment