ဇမ်ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိကြတယ်...။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်
အမေရှိတယ်..........။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ
သားသမီးတွေ ကြီးထွားစေဖို့
စီးပွားအထွေထွေ
စိန်ရွှေ ပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်........။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူသောက်
ဗိုက်မှောက်ပြန်တော့ အတူတူ
ခြင်ထောင်မရှိ စောင်မရှိ
အိပ်ခင်းစရာ ဖျာမရှိလို့
ခြင်ကို သွေးလှူ အတူတူ
ကြမ်းးပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ မြတ်ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ
အမေပါပဲလေ..............။
No comments:
Post a Comment