Saturday, May 26, 2012

အမေ

ငါ့......ရဲ့
လမင်း မပါတဲ့ ညတွေကို
ဘယ်သူလဲ
မီးရှူးပန်း ထွန်းညှိပေးခဲ့တာ.....။

ငါ့........ရဲ့
တောအုပ် မီးလောင်ချိန်မှာ
ဘယ်သူလဲ...
ငြိမ်းသတ်ပေးခဲ့တာ.....။

ငါ့......ရဲ့
သစ်ပင် ပန်းဝေဖို့
ဘယ်သူလဲ...
ရေလောင်းပေးခဲ့တာ.....။

ငါ့.....ရဲ့
ဖိနပ်လာဖြစ်ပေးခဲ့သူ
ဘယ်သူလဲ...
ဆူးခင်းလမ်းကို ဖြတ်ဖို့ဆိုတာ.....။

ငါ.....သိတယ်။
ဒါပေမဲ့.....
တရားခံက ၀န်မခံဘူး.....။

No comments:

Post a Comment