မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ.....
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါ့ကွယ့်
ငှက်ဆိုတာက ပျံရင်းသေ.....။
ကဆုန်စိုင်းသလိုပ
မုန်တိုင်းတွေက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း
ခြင်္သေ့က မြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်တွေက မိချောင်းလိုမနေ
အိုးဝေ... အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို
ဟောဟို တောင်တန်းဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မတဲ့
ငှက်တို့ သမိုင်း..........။
(မောင်စိန်ဝင်း)
No comments:
Post a Comment