Tuesday, June 12, 2012

ကဗျာမဟုတ်တဲ့ ကဗျာ

♥♥♥ ငါကျရှုံးသွားတာ မဟုတ်ဘူး

အရှုံးပေးလိုက်တာ


ငါစွန့်လွှတ်လိုက်တာ မဟုတ်ဘူး


ပေးဆပ်လိုက်တာ

ငါမချစ်လို့ မဟုတ်ဘူး

နင်ပျော်မယ် ထင်လိုပါ

တခါတလေ ချလိုက်တဲ့ သက်ပြင်းတွေထဲမှာ

ပြောမထွက်တဲ့စကားတွေ ပါသွားတတ်တယ်

ဘယ်ဆိုင်ကို မင်းရောက်နေလည်း

ဘယ်သူတွေနဲ့ မင်းသောက်နေလည်း

ဘာတွေနဲ့ မင်းမြည်းနေလည်း

ငါသိပ်ချစ်သလို နင်အရမ်းချစ်မယ် အထင်နဲ့

ငါ့စိတ်နဲ့အတူ နင့်မျက်ဝန်းကိုပါမြင်

သစ္စာတရားတွေ တူညီနေလိမ့်မယ်လို့

ယုံကြည်ခြင်းတွေ အပ်နှံ

ငါ့အချိန်တွေကို နင့်ကြောင့်ပဲ ကုန်ဆုံးစေခဲ့တယ်

ကိုယ့်ဖို့ပဲကိုယ်ကြည့်တာ ဘာကောင်လဲသိလား အဲဒါနွား

မိုးရွာထဲမှာ လမ်းလျှောက်ရတာကိုကြိုက်တယ်

ဒါမှ ငါငိုနေတာကို နင်မသိမှာ

.ငေးငိုင်နေရတာကို ကြိုက်က်တယ်

ဒါမှ ငါသတိရတာကို နင်မသိမှာ

ရယ်မောနေရတာကို ကြိုက်တယ်

ဒါမှ ငါဝမ်းနည်းနေတာကို နင်မသိမှာ ♥♥♥



ပန်းနုရောင်

No comments:

Post a Comment