သန်ခေါင်ယံညရဲ့
မြို့ပြလမ်းပေါ်မှာ
တေလေတစ်ယောက်လို
လေနှင်ရာ လွင့်ခဲ့။
ရက်စွဲတစ်ချို့ရဲ့ အမှောင်တွေကြား
နောင်တတွေ ကျောပေးရင်း
အမေ့အိမ်လေးကို
တစ်ချက်ကလေးမှ သတိမရခဲ့ဘူး.............
အမေပြောသမျှစကားတွေ
တန်ဘိုးရှိပေမဲ့
အဲဒီတုန်းက
ကျွန်တော် နားခါးခဲ့ဘူးတယ်လေ
အမှန်တရားတွေ ခင်းကျင်းပြ
ဘ၀ကို ဂုဏ်မငယ်စေချင်တဲ့ အမေ
လောက အလယ် အသိကြွယ်စေဖို့
အမေ့ပဲပြုတ်တောင်းလေးက
ချွေးမသုတ်နိုင်သေးဘူး............
အမေ..............
နားလည်ခဲ့ပါပြီ
အတောင်ပံတွေ ညောင်းလို့
နားခိုရာ မျှော်ကြည့်မိတော့
အမေ့အိမ်လောက်
ဘယ်လပြည့်ညမှ
လမပြည့်ကြဘူးလေ အမေ
အခုတော့......
မြို့ပြမီးတွေတောင်
ကျွန်တော့ကို အလင်းမပေးချင်တော့သလို
မေမေရေး......
လမိုက်ညရဲ့ နောင်တတွေနဲ့
သားမိုက်ပြန်လာခဲ့ပြီနော်..........။
No comments:
Post a Comment