ခပ်ထုတ်လိုက်တိုင်း
ဝေ့တက်လာတဲ့ဆီတွေ
ဂုဏ်အကြောင်းငွေအကြောင်း
ဟိုအကြောင်း ဒီမပါမဖြစ်...
နားကိုခါးယူရတဲ့အကြောင်း ........
ဘ၀ကို
ဆပ်ကပ်သမားတစ်ယောက်လို
အသက်စွန့်ပြီး တည်ဆောက်ခဲ့ရတဲ့ကောင်ပါ။
လွယ်အိတ်တစ်လုံးနဲ့
ကဲ့ရဲ့ကြည့်တွေထည့်ယူပြီး
အထင်အမြင်သေးခံခဲ့ရတဲ့ကောင်ပါ။
စိတ်ကဒဏ်ရာဗရပွ
ကိုယ်ကစုတ်တိစုတ်ချာဘဝ
အသက်အရွယ်နဲ့မမျှ
အပြုံးမပျက်ခဲ့ရတဲ့ဂျစ်ပစီတစ်ယောက်
ဒီအကြောင်း ဒိုင်ယာရီရေးတိုင်း
မပါမဖြစ်
ကဘာမြေပေါ်မှာ
ခြေဖ၀ါးနှစ်ခုစာရပ်နေကြသူချင်း အတူတူ ..
ဘယ်သူတွေ လေပိုရှုကြသလဲ၊?
No comments:
Post a Comment