Saturday, June 23, 2012
Tuesday, June 12, 2012
ကဗျာမဟုတ်တဲ့ ကဗျာ
♥♥♥ ငါကျရှုံးသွားတာ မဟုတ်ဘူး
အရှုံးပေးလိုက်တာ
ငါစွန့်လွှတ်လိုက်တာ မဟုတ်ဘူး
ပေးဆပ်လိုက်တာ
ငါမချစ်လို့ မဟုတ်ဘူး
နင်ပျော်မယ် ထင်လိုပါ
တခါတလေ ချလိုက်တဲ့ သက်ပြင်းတွေထဲမှာ
ပြောမထွက်တဲ့စကားတွေ ပါသွားတတ်တယ်
ဘယ်ဆိုင်ကို မင်းရောက်နေလည်း
ဘယ်သူတွေနဲ့ မင်းသောက်နေလည်း
ဘာတွေနဲ့ မင်းမြည်းနေလည်း
ငါသိပ်ချစ်သလို နင်အရမ်းချစ်မယ် အထင်နဲ့
ငါ့စိတ်နဲ့အတူ နင့်မျက်ဝန်းကိုပါမြင်
သစ္စာတရားတွေ တူညီနေလိမ့်မယ်လို့
ယုံကြည်ခြင်းတွေ အပ်နှံ
ငါ့အချိန်တွေကို နင့်ကြောင့်ပဲ ကုန်ဆုံးစေခဲ့တယ်
ကိုယ့်ဖို့ပဲကိုယ်ကြည့်တာ ဘာကောင်လဲသိလား အဲဒါနွား
မိုးရွာထဲမှာ လမ်းလျှောက်ရတာကိုကြိုက်တယ်
ဒါမှ ငါငိုနေတာကို နင်မသိမှာ
.ငေးငိုင်နေရတာကို ကြိုက်က်တယ်
ဒါမှ ငါသတိရတာကို နင်မသိမှာ
ရယ်မောနေရတာကို ကြိုက်တယ်
ဒါမှ ငါဝမ်းနည်းနေတာကို နင်မသိမှာ ♥♥♥
ပန်းနုရောင်
အရှုံးပေးလိုက်တာ
ငါစွန့်လွှတ်လိုက်တာ မဟုတ်ဘူး
ပေးဆပ်လိုက်တာ
ငါမချစ်လို့ မဟုတ်ဘူး
နင်ပျော်မယ် ထင်လိုပါ
တခါတလေ ချလိုက်တဲ့ သက်ပြင်းတွေထဲမှာ
ပြောမထွက်တဲ့စကားတွေ ပါသွားတတ်တယ်
ဘယ်ဆိုင်ကို မင်းရောက်နေလည်း
ဘယ်သူတွေနဲ့ မင်းသောက်နေလည်း
ဘာတွေနဲ့ မင်းမြည်းနေလည်း
ငါသိပ်ချစ်သလို နင်အရမ်းချစ်မယ် အထင်နဲ့
ငါ့စိတ်နဲ့အတူ နင့်မျက်ဝန်းကိုပါမြင်
သစ္စာတရားတွေ တူညီနေလိမ့်မယ်လို့
ယုံကြည်ခြင်းတွေ အပ်နှံ
ငါ့အချိန်တွေကို နင့်ကြောင့်ပဲ ကုန်ဆုံးစေခဲ့တယ်
ကိုယ့်ဖို့ပဲကိုယ်ကြည့်တာ ဘာကောင်လဲသိလား အဲဒါနွား
မိုးရွာထဲမှာ လမ်းလျှောက်ရတာကိုကြိုက်တယ်
ဒါမှ ငါငိုနေတာကို နင်မသိမှာ
.ငေးငိုင်နေရတာကို ကြိုက်က်တယ်
ဒါမှ ငါသတိရတာကို နင်မသိမှာ
ရယ်မောနေရတာကို ကြိုက်တယ်
ဒါမှ ငါဝမ်းနည်းနေတာကို နင်မသိမှာ ♥♥♥
ပန်းနုရောင်
Saturday, June 9, 2012
သားမိုက်နောင်တ
သန်ခေါင်ယံညရဲ့
မြို့ပြလမ်းပေါ်မှာ
တေလေတစ်ယောက်လို
လေနှင်ရာ လွင့်ခဲ့။
ရက်စွဲတစ်ချို့ရဲ့ အမှောင်တွေကြား
နောင်တတွေ ကျောပေးရင်း
အမေ့အိမ်လေးကို
တစ်ချက်ကလေးမှ သတိမရခဲ့ဘူး.............
အမေပြောသမျှစကားတွေ
တန်ဘိုးရှိပေမဲ့
အဲဒီတုန်းက
ကျွန်တော် နားခါးခဲ့ဘူးတယ်လေ
အမှန်တရားတွေ ခင်းကျင်းပြ
ဘ၀ကို ဂုဏ်မငယ်စေချင်တဲ့ အမေ
လောက အလယ် အသိကြွယ်စေဖို့
အမေ့ပဲပြုတ်တောင်းလေးက
ချွေးမသုတ်နိုင်သေးဘူး............
အမေ..............
နားလည်ခဲ့ပါပြီ
အတောင်ပံတွေ ညောင်းလို့
နားခိုရာ မျှော်ကြည့်မိတော့
အမေ့အိမ်လောက်
ဘယ်လပြည့်ညမှ
လမပြည့်ကြဘူးလေ အမေ
အခုတော့......
မြို့ပြမီးတွေတောင်
ကျွန်တော့ကို အလင်းမပေးချင်တော့သလို
မေမေရေး......
လမိုက်ညရဲ့ နောင်တတွေနဲ့
သားမိုက်ပြန်လာခဲ့ပြီနော်..........။
Friday, June 8, 2012
နေ၀င်ချိန် သူငယ်ချင်း (ဖွဲ့သီသစ်)
သတင်းဆိုးတစ်ခု
လေက ကိုက်ချီလာတယ်။
“ငလင်း” ဆုံးပြီတဲ့
လူ့ဘ၀ရဲ့ သုံးချိုး တစ်ချိုးမှာပဲ
မင်းက နေကွယ်ခဲ့
မထင်မှတ်တဲ့ ကံကြမ္မာရဲ့ လက်ပြန်ရိုက်ချက်
အရာရာကို လက်တွေ့ကျချင်တဲ့မင်းက
တို့တစ်တွေကို
အသက်ပေးပြီး သင်္ခန်းစာ ပေးသွားတာလား
သိပ်ချမ်းသာချင်တဲ့ မင်း
တို့လို စိတ်ကူးယဉ်သမားတွေနဲ့
မတွေ့ဖြစ်တော့တာ မဆန်းပါဘူး
ကုန်ကားကြီးနဲ့အတူ
မင်းဘ၀ကို မောင်းထွက်သွားလိုက်တာ (10) နှစ်
ပြန်လာတော့
ငွေအပြင် ရောဂါအသစ်ပါရလို့
“ငါတော့ ဗီဇာကျပြီ သူငယ်ချင်းတဲ့”
မင်း “ဟာသ” က
ငါတို့ကို ၀မ်းနည်းစေတယ်
မင်းနဲ့ မင်းမိသားစုကို လောင်တဲ့မီး
ငါတို့ကိုပါ ကူစက်လို့
မင်းကို အုပ်ဆိုင်းထားတဲ့
မိုးသားအနက်ရောင်မှာ
မင်းမျှော်လင့်အနာဂတ်က
နောက်တစ်ရက် အသက်ရှင်ခွင့်မဟုတ်လား
သေမင်းက မင်းကို ၀ှက်ဖဲ လှန်ပြခဲ့ပြီ
အကြည့်တွေအပေါ် ငြိမနေပါနဲ့တော့ သူငယ်ချင်း
အခုလို အမှန်တရားကို တိုးလျှိုးပေါက် မြင်ရတဲ့အချိန်
ဘ၀တစ်ခုလုံး
စာအုပ်တစ်အုပ် ပြည့်အောင် မဖတ်တဲ့မင်း
ငါ့ကို
ဘာသာတရာစာအုပ်တွေ မှာလို့
“ငွေထက်အရေးကြီးတာတွေ
ရှိပါသေးလား” ဆိုတဲ့ အသိ
မင်းအတွက် သိပ်နောက်ကျသွားခဲ့ပြီ
အဲဒီပြင်လို့မရတဲ့ အမှားထဲ
ရလိုက်တဲ့ အလင်းလေးနဲ့ပဲ
မင်းဘ၀ကူး ကောင်းပါစေတော့ သူငယ်ချင်းရယ်..............။
(သီဖွဲ့သစ်)
Monday, June 4, 2012
အမေ...........
အမေ.................
ကျွန်တော် မတီးတတ်ဘူး ။
ကျွန်တော် မဆိုတတ်ဘူး ။
အမြင့်ဆုံး “ကီး” နဲ့
မြင်မိုရ်တောင် တုန်ဟီးသွားအောင်
“အမေ” လို့.................................
မှန်ကန်ခြင်းများ
မှန်ကန်ခြင်းများ
သူရဲကောင်းဆိုတာ.............။
ကိုယ့်ကိုယ်ကိုယ်
ဒိုင်းနဲ့ ကွယ်ပြီး
သူတစ်ပါးကို
ဓားနဲ့ ရွယ်တာ
အဲဒါ
သူရဲကောင်းမဟုတ်ဘူး
ကိုယ့်လူ............။
Sunday, June 3, 2012
လူငယ့်အားမာန် (မြောင်းမြ) (လူငယ်ပရဟိတအသင်းဝင်များစာရင်း)
1။ အရှင်ဝိသိဋ္ဌ (ဓမ္မာစရိယ) (အေးမြဖြူစင် သွေးလှူအသင်း)
2။ အရှင်ပညိသရ (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
3။ အရှင်တေဇာနန္ဒ (ရင်ငြိမ်းမိုး) (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
4။ အရှင်အိန္ဒောဘာသ(သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
5။ အရှင်တိက္ခာစာရ (ဓမ္မာစရိယ)
6။ အရှင်ခေမိန္ဒ (ဓမ္မာစရိယ)္ဒ
7။ အရှင်စန္ဒသီရိ (ဓမ္မာစရိယ)ိ
8။ အရှင်ဇီဝက (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
9။ အရှင်ဇာဂရ၀ံသ(သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
10။ အရှင်အဂ္ဂညာဏ (ဓမ္မာစရိယ)
11။ အရှင်တေဇာနန္ဒ (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (Dip) (S.I.B.A) (န.ပ.သ)
လူငယ့်အားမာန် အသင်းဝင်(ညီငယ်များ)
12။ မောင်ဇွဲသီဟကျော် (First year Physics)
13။ မောင်ကျော်ဇေယျ (First year Myanmar)
14။ မောင်အောင်မျိုးသက (10 တန်း)်
15။ မောင်သက်နောင်မိုး (10 တန်း)
15။ မောင်သက်နောင်မိုး (10 တန်း)
16။ မောင်ရဲလင်းခန့်(First year Law)
17။ မောင်ဝေယံကျော်ဝင်း (10 တန်း)
18။ မောင်အောင်ခန့်ဝင်း (10 တန်းဖြေ)
19။ မောင်ဇေယျာကျော်လင်း ((First year Physics)
20။ မောင်ပိုင်စိုးသန့် (First year Eco)
21။ မောင်တင်ထူးလတ် (10 တန်းဖြေ)
22။ မောင်ဖြိုးသူရ (10 တန်းဖြေ)
23။ မောင်တင်ထွန်းအောင် (10 တန်းဖြေ)
လူငယ့်အားမာန် အသင်းဝင်(ညီမငယ်များ)
24။ မခင်သီတာအောင် (ဆရာမ)
25။ မသင်းသင်းလတ် (ဆရာမ)
26။ မခင်သန္တာဝင်း (ဆရာမ)
27။ မမြကြာဖြူ
28။ မသန္တာအောင် (First year Myanmar)
29။ မခိုင်ဝေေ၀မွန် B.A (Myanmar)
30။ မတင်ဇာလွင် (First Year Myanmar)
31။ မဇင်ဇင်သက် (Second year Eco)
32။ မခင်စန္ဒာအောင် (Second year Law)
33။ မျမသိဂီၤ (Second year Law)
34။ မဖြိုးဖြိုးစိုးလွင် (First year Law)
35။ မနှင်းစန္ဒာကျော် (10 တန်း)
36။ မစုသက်ဝေ (10 တန်းဖြေ)
37။ မခင်ဇာခြည်ထွန်း (10 တန်းဖြေ)
38။ မသဲစုလှိုင် (10 တန်းဖြေ)
39။ မစုရည်မွန် (10 တန်းဖြေ)
40။ မအိဖြူခိုင် (10 တန်းဖြေ)
41။ မစုစုစံ (10 တန်းဖြေ)
42။ နော်မေလွိုင်ကော်မိုး (10 တန်းဖြေ)
43။ မဖြူနှင်းဝေ (10 တန်းဖြေ)
44။ မသဲစုလှိုင် (10 တန်းဖြေ)
45။ မသူဇာမော် (First year Myanmar)
46။ မချစ်စုဝေ (10 တန်းဖြေ)
47။ မတင့်ရွှေရည် (B.Sc Maths)
48။ မသင်းသီရိခိုင် 9Second year Eco)
49။ မခိုင်ဝေမွန်စိုး (Second year Myanmar)
50။ မအိအိဝင်း (10 တန်းဖြေ)
51။ မဂျုးဝတ်ရည်ထွန်း (Second year Myanmar)
52။ မစုစုခိုင် (10 တန်းဖြေ)
53။ မနှင်းပွင့်ဖြူ B.A (Myanmar)
54။ မသက်သက်စိုး B.A (English)
55။ မခင်မြတ်မော် (Third year Chemistry)
56။ မချိုချိုခိုင် (Third year Eco)
57။ မခိုင်ဇွန်ဆက် ( )
58။ မခိုင်ဇင်စိုး (10 တန်းဖြေ)
59။ မအေးစိုး
60။ မအိဇင်သိန်း (10 တန်း)
61။ မပန်းဖြူမွှေး (10 တန်းဖြေ)
62။ မလွင်မာစိုး
63။ နော်ကူး (10 တန်းဖြေ)
အဆင့်အတန်း
ခပ်ထုတ်လိုက်တိုင်း
ဝေ့တက်လာတဲ့ဆီတွေ
ဂုဏ်အကြောင်းငွေအကြောင်း
ဟိုအကြောင်း ဒီမပါမဖြစ်...
နားကိုခါးယူရတဲ့အကြောင်း ........
ဘ၀ကို
ဆပ်ကပ်သမားတစ်ယောက်လို
အသက်စွန့်ပြီး တည်ဆောက်ခဲ့ရတဲ့ကောင်ပါ။
လွယ်အိတ်တစ်လုံးနဲ့
ကဲ့ရဲ့ကြည့်တွေထည့်ယူပြီး
အထင်အမြင်သေးခံခဲ့ရတဲ့ကောင်ပါ။
စိတ်ကဒဏ်ရာဗရပွ
ကိုယ်ကစုတ်တိစုတ်ချာဘဝ
အသက်အရွယ်နဲ့မမျှ
အပြုံးမပျက်ခဲ့ရတဲ့ဂျစ်ပစီတစ်ယောက်
ဒီအကြောင်း ဒိုင်ယာရီရေးတိုင်း
မပါမဖြစ်
ကဘာမြေပေါ်မှာ
ခြေဖ၀ါးနှစ်ခုစာရပ်နေကြသူချင်း အတူတူ ..
ဘယ်သူတွေ လေပိုရှုကြသလဲ၊?

Subscribe to:
Posts (Atom)